ပြောမဆုံးပေါင်
ကျော်သဇင် ကုမ္မဏီ၏ အပေါ်ဆုံးထပ် အုပ်ချုပ်ရေးဆိုင်ရာ ရုံးခန်းများနေရာ။ ”တင်းဒေါင်” ဓာတ်လှေကားတခါး ပွင့်လာပြီး အထဲမှ ထွက်လာသူကား မန်နေဂျာ စိုးကျော်။ စိတ်လှုပ်ရှားနေသော ခြေလှမ်းများဖြင့် ဦးတည်ရာ နေရာကား အမ်ဒီရုံးခန်းဆီသို့။ စိုးကျော်ကား ကျော်သဇင်ကုမ္မဏီ ပိုင်ရှင် ဦးကျော်ဝင်းနှင့် ဒေါ်စောနန္ဒာခင်တို့၏ တစ်ဦးထဲသော သားလှရတနာ ဖြစ်လေသည်။ ငယ်စဉ်ကျောင်းသားဘဝကို အပူပင်မရှိ သာယာစွာ ဖြတ်ကျော်ခဲ့သော်လည်း စိုးကျော် ၉တန်းတွင် မိခင်ဖြစ်သူ ဒေါ်စောနန္ဒာခင် ဆုံးပါးခဲ့လေသည်။ မိခင်ဆုံးပီး ၃နှစ်ခန့် အကြာ စိုကျော် တက္ကသိုလ် တက်နေဆဲတွင် ဖခင်ဖြစ်သူ ဦးကျော်ဝင်းသည် တပင်လဲမူ တပင်ထူ ဆိုသော စကားနှင့်အညီ အသက်၃၅နှစ်ခန့်ရှိ မုဆိုးမ မေသဇင်စိုးနှင့် အိမ်ထောင်သစ် ထူထောင်ခဲ့လေသည်။ ဖခင်ဖြစ်သူ စိတ်ချမ်းသားစေရန် စိုးကျော် အကြောင်းတစုံတရာ … Read more