ေ၀စားမျှစား
ကျွန်တော့်နာမည်က အောင်အောင်။ အိမ်မှာတော့ ကိုကြီးမျိုးနဲ့ နှစ်ယောက်တည်းနေတာပေါ့။ အိမ်ကလည်း ခြံနဲ့ဝန်းနဲ့ပေါ့။ မိဘတွေက နယ်မြို့လေးမှာပဲ အသီးခြံတွေနဲ့ အေးအေးဆေးဆေးေ နကြတာဆိုတော့ ဒီအိမ်ကြီးမှက ညီအစ်ကိုနှစ်ယောက်သား လွတ်လွတ်လပ်လပ်ပဲေ နကြတာပေါ့၊ ခြံထဲမှာ ဂိုဒေါင်ပုံစံအိမ်ထဲမှာတော့ ခြံစောင့်အဖြစ် အမျိုးမကင်းတဲ့ ဦးလေးနေတာ ၊ ဦးလေးက အိမ်သန့်ရှင်းရေးနဲ့ ချက်ပြုတ်တာလောက်ပဲ အိမ်မကြီးဘက်လာတယ်။ ကိုကြီးမျိုးက ကုမ္ပဏီတစ်ခုမှာ ရှယ်ယာထည့်ထားပြီး ကိုယ်ပိုင်ကားအရောင်းအဝယ်လုပ်ပြီး အပြင်ထွက်တာများ ပါတယ်။ ကျွန်တော်ကတော့ ကျောင်းသွားလိုက် အိပ်လိုက်စားလိုက် ဇာတ်ကားကြည့်လိုက်ပဲ၊ မုန့်ဖိုးလိုရင် ကိုကြီးကပဲ ထုတ်ပေးတာဆိုတော့ သာသာယာယာပဲပေါ့ဗျာ။ သူငယ်ချင်းက ပေါင်းဖြစ်တာ ၃ယောက်လောက်တော့ ရှိတယ်။ ကျွန်တော်က ရည်းစားတော့မရှိဘူးဗျ။ဒါပေမယ့် သူငယ်ချင်းတော့ မရှားဘူး။ ငွေလည်းရှိတော့ ကပ်စားသူတွေလည်း ပါတာပေါ့ဗျာ။ မိန်းကလေးသူငယ်ချင်းတွေလည်း ပေါတယ်နော်။ အိမ်လည်း လိုက်လည်တတ်ကြတယ်လေ။ … Read more