မင်းအောင်နှင့် မ၀င်းကြည်တို့က ရပ်ဆွေရပ်မျိုးဟု ပြောရမည့် တစ်ရွာတည်းသားတွေဖြစ်သည်။ ရွာမှာနေစဉ်ထဲက ခြံခြင်းကပ် အိပ်ချင်းကပ်လျက်နေထိုင်ခဲ့ကြသည်ဖြစ်သည်။ မ၀င်းကြည်က လွန်ခဲ့သော ၄နှစ်ခန့်ကထဲက ကိုရွှေတင်နှင့် အိမ်ထောင်ကျကာ မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ရွာမှာကအလယ်တန်းကျောင်းသာ ရှိသည်။ အထက်တန်းကျောင်းမရှိသဖြင့် ၈တန်းအောင်ပြီး ကျောင်းဆက်တတ်မည့်ကျောင်းသားကျောင်းသူတိုင်း မြို့သို့ ပြောင်းရွှေ့နေထိုင်ကာ ကျောင်းတက်ကြရသည်။ မြို့တွင်လည်း နီးစပ်ရာဆွေမျိုးမိတ်ဆွေများ၏ နေအိမ်တွင်အတူနေထိုင်ကာ ကျောင်းတက်ကြရသည်ဖြစ်သည်။ ိိိုထို့ကြောင့်ပင် မင်းအောင်တစ်ယောက် ၈တန်းအောင်ပြီး ၉တန်းတွင်ကျောင်းဆက်တက်ရန်အတွက် မြို့သို့ရောက်ခဲ့ရသည်။ မင်းအောင်၏မိဘများနှင့်ကလဲ မ၀င်းကြည်နှင့်ကသားချင်းတွေလိုဖြစ်နေပြန်၊ နောက်ပြီး မင်းအောင်၏အဒေါ်နှင့်ကလည်း မ၀င်းကြည်နှင့်က သူငယ်ချင်းတွေဖြစ်လေတော့ မ၀င်းကြည်သည် မင်းအောင်ကျောင်းတက်ရန်အတွက် အိမ်တွင်နေထိုင်ရန် လက်ခံထားခဲ့ရလေသည်။ လယ်တွေခြံတွေရှိသော မင်းအောင် ၏မိဘများက မ၀င်းကြည်တို့အတွက် တစ်လလျှင်ဆန်တစ်အိပ်နှင့် ငွေတစ်သောင်းအား မင်းအောင်၏ စားစရိတ်အတွက်ဆိုကာပေးသဖြင့်လဲ မ၀င်းကြည်တို့လင်မယားက မင်းအောင်ကိုလိုလိုလားလားထားခဲ့သည်လည်း ဖြစ်သည်။ မင်းအောင် ငယ်စဉ်ကလေးဘ၀က မ၀င်းကြည်တို့၏လက်ပေါ်တွင် … Read more