ဒီတစ်ခေါက်ခြံထဲကိုလာတာဦးစိုင်းလုတစ်ယောက်ထဲဖြစ်လို့ခမ်းအံ့အောနေသည်။ ခါတိုင်းတောင်ကြီးကနေဟဲဟိုးကော်ဖီခြံကိုလာတိုင်းစော်တစ်ပွေအမြဲတန်းပါလာတတ်လို့ ခမ်းကချက်ပြုတ်ပေးပြီးတာနဲ့အိမ်ပြန်ပြီးရှောင်နေရသည်။ ဦးစိုင်းလုက ခမ်းကိုဝက်လက်ပေါင်းစားချင်တယ်ဆိုလို့မီးဖိုထဲမှာအလုပ်ရှုပ်နေတုန်းဦးစိုင်းလုဝင်လာလို့” ဟဲဟဲဒီတစ်ခေါက်အန်ကယ်လာတာထူးဆန်းနေပါလား”လို့ပြောလိုက်သည်။ ဦးစိုင်းလုက”ဘာကိုထူးစမ်းတာလဲ”လို့ပြန်မေးလို့ရှမ်းသံဝဲဝဲလေးနဲ့”စော်မပါတော့တာလေ” လို့ပြောအပြီးမှာဦးစိုင်းလုက”ဒီမှာရှိနေတာဘဲ”လို့ခမ်းကိုလက်ညှိုးထိုး ပြသည်။ ခမ်းရင်တွေတုန်ပြီး မျက်လုံးတွေပြာသွားသည်။ခမ်းကသူရဲ့အလုပ်သမားဖြစ်သည့်အပြင်တစ်ခုလပ်ဖြစ်တာကိုသူသိရက်နဲ့ ခမ်းကိုသူကမယားလိုနေမယ်ပြောတာဖြစ်လို့အ့ံအောပြီးရင်တုန်သွားတာဖြစ်လေသည်။ “ဟာအန်ကယ်ကလည်းခမ်းကအလုပ်သမားပါ”လို့ညှိုးငယ်စွာပြောလိုက်သည်။ ဦးစိုင်းလုကတကယ့်ကိုချမ်းသာပြီးအလုပ်သမားတွေကိုလည်းပြည့်စုံအောင်ထားသူဖြစ်သည်။ သူ့ဖာသူမိန်းမပွေပေမဲ့လူတန်စားမခွဲခြားလို့ခမ်းအပါအဝင်အလုပ်သမားအားလုံးကလေးစားပြီးချစ်ကြသည်။ ဒီကော်ဖီခြံကလည်းသူမလုပ်ရင်ဖြစ်ရဲ့သားနဲ့အလုပ်သမားတွေ အလုပ်လက်မဲ့မဖြစ်အောင်သူလုပ်နေတယ်ဆိုတာလည်းအားလုံးသိသည်။ သူ့အကျိုးကိုရှေ့မထားဘဲသူအပန်းဖြေရန်အတွက်သာရည်စူးပြီးဘန်ဂလိုလေးတစ်လုံးဆောက်ကာ တပါတ်တစ်ညအိပ်လောက်လာအပန်းဖြေခြင်းဖြစ်သည်။ ဦးစိုင်းလုကခမ်းကိုဖက်ထားပြီး”